နေ့လည် ၂-နာရီ မြန်မာဘာသာဖြင့် ၀တ်ပြုကိုးကွယ်ခြင်း
Event Information
About this Event
Tickets will only be released for public booking from 12 pm on Wednesday.
Seating Zones
ထိုင်ခုံနေရာချထားခြင်း
ခပ်ခွါခွါနေရေးစီမံချက် (safe-management guidelines) အရ ဘုရားကျောင်းခန်းမကို ဇုန်နေရာ ၂-ခု သတ်မှတ်ထားပါသည်။
- Zone A-L2 – ဒုတိယထပ် ဝင်ပေါက် Lobby A ထိုင်ခုံများ
- Zone A-L3 - တတိယထပ် ဝင်ပေါက် Lobby A ထိုင်ခုံများ
- Zone B-L2 – ဒုတိယထပ် ဝင်ပေါက် Lobby B ထိုင်ခုံများ
- Zone B-L3 - တတိယထပ် ဝင်ပေါက် Lobby B ထိုင်ခုံများ
Zone A-L3 or Zone B-L3 – တတိယထပ် ဝင်ပေါက် Lobby A or Lobby B ထိုင်ခုံများ အား ကလေးငယ်ရှိသောမိဘများအတွက်သတ်မှတ်ထားပြီး၊ လူကြီးလက်မှတ် Adult ticket ကို လျှောက်ထားရပါမည်။
B-2 – ဒုတိယထပ် ဝင်ပေါက် Lobby B ထိုင်ခုံများသည် လမ်းမလျှောက်နိုင်သူများ၊ တွန်းလှည်းဖြင့်လာသူများအတွက် သတ်မှတ်ထားပါသည်။
ထိုင်ခုံနေရာလျှောက်ထားသည့်အခါ မည်သည့်ဇုန်နယ်မြေတွင် ထိုင်မည်ကို သေချာစွာရွေးချယ်ပါ။ အကြောင်းမှာ မိမိထိုင်ခုံနေရာမှ အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်း ခွင့်မပြုသော ကြောင့်ဖြစ်သည်။
Allocated Restrooms (သန့်စင်ခန်းသတ်မှတ်ခြင်း)
သန့်စင်ခန်းများကို ထိုင်ခုံနေရာဇုန်အလိုက် သတ်မှတ်ထားပါသဖြင့် မိမိအတွက်သတ်မှတ်ထားသော သန့်စင်ခန်းကိုသာသုံးပါ။
A gentle reminder (သတိပြုရန်)– ဇုန်နယ်မြေ မဖြတ်သန်းရစည်းမျဥ်း (‘No Zone Crossing’ rule) ကိုသတ်မှတ်ထားသဖြင့် ဘုရားကျောင်းပြီးသည်ထိ မိမိထိုင်ခုံနေရာဇုန်တွင်သာနေပါ။
Entrance to the Sanctuary
ခန်းမကြီးသို့ဝင်ရောက်ခြင်းး
မိမိ၏လက်မှတ်တွင်ဖော်ပြထားသော ဇုန်နယ်မြေ ကိုသတိပြုမှတ်သားထားပါ။
- Zone A သည် ဘုရားကျောင်းခန်းမကြီး သို့ဝင်ရောက်သည့် Lobby A ဝင်ပေါက်ဖြစ်သည်။
- Zone B သည် ဘုရားကျောင်း၏အနောက်ဖက်မှပင်မခန်းမကြီးသို့ဝင်ရောက်ရသည့် Lobby B ဝင်ပေါက်ဖြစ်သည်။
ဘုရားကျောင်း သို့ကားဖြင့်လာပါက မိမိအတွက်သတ်မှတ်ထားသည့် ဓါတ်လှေကားကိုသာ အသုံးပြပါ။ လမ်းညွှန်ဆိုင်းဘုတ်များပြထားရုံသာမက၊ ဧည့်ကြိုများကလည်း လမ်းညွှန်ပါလိမ့်မည်။
Safe Management Measures
ခပ်ခွါခွါနေရေးစည်းကမ်း။
အောက်ပါ ခပ်ခွါခွါနေရေးစည်းကမ်းများ (safe management measures ) ကို ဝတ်ပြုအစီအစဥ်တလျှောက် လုံး လိုက်နာရပါမည်။
1. ဝတ်ပြုသူများသည် အချင်းချင်း ၃-ပေ အကွာ နေပေးပါ။
2. နှာခေါင်းစည်း mask ကို တချိန်လုံးတပ်ထားပါ။
3. သီဆို ချီးမွမ်းခြင်း (Singing) ကို ခွင့်မပြုပါ။
4. ဝတ်ပြုခြင်းပြီးဆုံးသည့်အခါ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် စံနစ်တကျ တဦးချင်းထွက်ခွါပါ။ -
5. ဝတ်ပြုခြင်းပြီးဆုံးသည်နှင့်တပြိုက်နက် ဘုရားကျောင်းမှချက်ချင်းထွက်ခွါပါ။
Booking of Tickets
လက်မှတ်များ ကြိုတင်လျှောက်ထားခြင်း
- လူတဦးလျှင် လက်မှတ် ၅-စောင်အထိ ကြိုတင် လျှောက်ထားနိုင်သည်။
- လက်မှတ် ကြိုတင်လျှောက်ထားပြီးပါက email confirmation ကိုစောင့်ပါ။ ခွင့်ပြုထားသည့် လက်မှတ် ၅-စောင်အထိ ကြိုတင်လျှောက်ထားပြီးပါက နောက်ထပ်လျှောက်၍ မရတော့ပါ။
- လက်မှတ် များကို အရေအတွက် ကန့်သတ်ထားပါသဖြင့် ဘုရားကျောင်းသို့ အမှန်တကယ်မတက်ရောက်နိုင်လျှက် ကြိုတင်လက်မှတ်မ လျှောက် ပါနှင့်။
- အကယ်၍ ကြိုတင်လက်မှတ် လျှောက်ထားပြီးမှ မလာနိုင်လျှင် ၂၄-နာရီကြိုတင်ပြီး လျှောက်ထားသည့်လက်မှတ်ကို cancel လုပ်ပါ။ သို့မှသာ အခြားသူများလက်မှတ်ရယူနိုင်မည်။
- အကယ်၍ ကြိုတင်လက်မှတ်ကုန်သွားသောကြောင့် လျှောက်၍မရလျှင် waiting list တွင် မိမိနာမည်ကို စာရင်းပေးထားပါ။သို့မှသာ လက်မှတ်ရှိလာသည့်အခါ သင့်ကို အကြောင်းကြားနိုင်မည်။
- အကယ်၍ သင် ယခုအပတ်အတွက် ကြိုတင်လက်မှတ်မရလိုက်သောကြောင့် ဘုရားကျောင်းမတက်ရသဖြင့် စိတ်မပျက်ပါနှင့်။ နောက်အပတ်အတွက် လက်မှတ်ကို ကြိုတင်လျှောက်ထားနိုင်ပါသည်။ ဘုရားကျောင်းအစီအစဥ်ကို online မှလည်း တက်ရောက်နိုင်ပါသည်။
- ကြိုတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍... အကူအညီလိုပါက ဘုရားကျောင်းဖုန်းနံပါတ် 6298-2204 ( Office hour) ကို ကိုဖြစ်စေ၊ ဆရာမကြီး Esther Cin 96421102 ကိုဖြစ်စေ ဆက်သွယ်ပါ။
1. အကယ်၍ ကြိုတင်လက်မှတ် လျှောက်သော်လည်း email confirmation မရ ခဲ့လျင်
2. cancel လုပ်လိုလျင်။